Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, August 17, 2014

Crack wifi password by beini Feeding Bottle !! ( Wifi Hacking ) 44Mb


ဒီပိုစ့်လေးကတော့မိမိပတ်သန်းကျင်မှာရှိနေတဲ့ Wifi ကို Beini Feeding Bottle ကိုသုံးပြီး Password ရယူ
တဲ့နည်းလေးကို Step by step ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်။အခုဆိုရင် Version 1.2.5 ထိတောင်
ထွက်နေပါတယ်။ဒါကတော့ Version 1.2.4 ပဲဖြစ်ပါတယ်။ပထမဆုံးအောက်မှာဒေါင်းလို့ရတဲ့ဖိုင်လေးကို
ဖြည်လိုက်ရင်အထဲမှာ 44Mb လောက်ပဲရှိတဲ့ iSO ဖိုင်လေးကိုရရှိမှာပါ။ဒါလေးကို CD နဲ့ Burn ပြီးအခွေလုပ်
လိုက်ပါ။အခွေထဲမဘမ်းတတ်ရင် ဒီမှာနှိပ်ပြီး ၀င်ကြည့်ပါ။အခွေထဲ Burn ပြီးသွားရင်သူဟာ CD တစ်ခွေ
ဖြစ်သွားပြီဆိုရင်အောက်မှာလုပ်ဆောင်ရမယ့်အဆင့်တွေကိုသေချာကြည့်ပြီးလိုက်လုပ်ကြည့်ပါ။
CD အခွေကိုထည့်ပြီးမိမိကွန်ပြူတာကို restart လုပ်လိုက်ပါ။ပြန်တက်လာရင် Boot တက်ဖို့အတွက်
သက်ဆိုင်ရာ F2, F10, ESC ....အစရှိသဖြင့်နှိပ်ထားပေးပါ။ဒါဆိုရင်တော့ပုံမှာပြထားတဲ့အတိုင်း
"Feeding Bottle"ရဲ့ Program ဟာမိမိကွန်ပြူတာရဲ့ screen မှာအခုလိုတွေ့မြင်ရပါမယ်။ဒါဆိုရင်အခုဝိုင်း
ပြထားတဲ့ Feeding Bottle လေးကိုနှိပ်လိုက်ပါ။
အိုကေ ဒီအဆင့်မှာတော့တစ်ခြားဘာကိုမှမနှိပ်ပဲ ၀ိုင်းပြထားသော Yes ကိုနှိပ်ပါ။
ကျွန်တော်တို့ဒီအဆင့်ရောက်လာရင်အပေါ်ဆုံးမှာဝိုင်းပြထားတဲ့နေရာမှာ wifi card အမျိုးအစားကို
ရွေးလိုက်ပါ။ပြီးရင်အောက်မှာဝိုင်းပြထားတဲ့နေရာမှာ monitoring mode enabled ဆိုတဲ့ Message
ရောက်လာအောင်ခဏစောင့်ပါ။ရောက်လာပြီဆိုရင်တော့ Next ကိုနှိပ်လိုက်ပါ။
ဒီနေရာရောက်ရင်တော့ Scan ဆိုတာကိုနှိပ်ပြီး 30second လောက်ခဏစောင့်ပါ။ပြီးရင်ပေါ်လာတဲ့
လိုင်းတွေထဲမှမိမိရှာချင်တဲ့လိုင်း(မိမိပတ်ဝန်းကျင်နားက)ကိုတွေ့ရင်တစ်ချက်နှိပ်လိုက်ပြီး Next ကိုနှိပ်ပါ။
ဒီဆိုရင်တော့ကျွန်တော်တို့ဒီအဆင့်ကိုရောက်လာပါမယ်။ဒီအဆင့်ရောက်လာရင် Start ကိုနှိပ်လိုက်ပါ။
အောက်က၀ိုးင်းပြထားတဲ့နေရာမှာ IVS ကစတင်ပြီး running လုပ်နေပါပြီ။Password အလုံးပေါင်း
30000 to 50000 ထိတွေ့အောင်ရှာဖွေပြီးပေးမှာပါ။Data transfer လုပ်နေရတဲ့အတွက်အချိန်အတိုင်း
အတာတစ်ခုထိတော့စောင့်ရပါမယ်။အကယ်၍ IVS value ကအလုပ်မလုပ်ပဲရပ်နေတယ်ဒါမှမဟုတ်
သွားနေတာအရမ်းကိုနှေးနေတယ်ဆိုရင်တော့သူငယ်ချင်းတို့ရွေးလိုက်တဲ့ router ကို data transfer
မလုပ်နိုင်ပါဘူး။ဒါမှမဟုတ်လောလောဆယ်မှာအဲ့ဒီ့  router ကပိတ်ထားတာလည်းဖြစ်နိုင်ပါတယ်။ဒါဆိုရင်
တော့နောက်တစ်ကြိမ်ပြန်ပြီးထပ်လုပ်ကြည့်ရပါမယ်။
ဒီပုံမှာတော့ရှာဖွေတွေ့ရှိတဲ့ပုံပါပဲ။ဒီလိုတွေ့ရှိပြီဆိုရင်တော့ Password ကိုကူးပြီးသိမ်းလိုက်ပါ။ပြီးရင်
ဆော့စ်ဝဲကိုပိတ်ပြီးကွန်ပြူတာကို logout and shutdown လုပ်လိုက်ပါ။အိုခေပါ။ ရလာပြီဆိုရင်တော့
ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုပြောပြနေစရာတောင်လိုတော့မထင်တော့ပါဘူး....
သူငယ်ချင်းတို့အားလုံးပဲအဆင်ပြေကြပါစေ.....

ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Password - www.mm-knowledge.com


http://adfoc.us/14251336980232 
(or)

http://adfoc.us/14251337038472 
(or)
 ဒေါင်းလော့စ်ဆိုဒ်ကိုရောက်လျှင်အောက်ကိုဆင်းသွားပြီးSlowdownloadကိုနှိပ်ပါ။ပြီးရင်ဒေါင်းလောစ့်                                  
                                       ဘောက်ကျလာရင်အမှန်ချစ်ကိုဖြုတ်ပြီးမှဒေါင်းပါ။
http://adfoc.us/14251337038499

Gtalk ကနေ မြန်မာနိုင်ငံကို ဖုန်း Message ပို့ချင်တဲ့သူများအတွက်

gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်းMesge ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ တစ်ကယ်ရောက်တယ်ဗျ။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။အချိန်တော့နည်းနည်းတယ်ဗျ။ကျွန်တော်ညနေ ၅နာရီလောက်ကပို့ထားတာ ည၁၁နာရီလောက်မှရောက်လာတယ် ။ မိုက်တော့မိုက်ပါတယ် ...
အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။


gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar )အဲလိုမျိုး ရိုက်ရပါတယ်။
sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ message ကို အများကြီးရေးလို့ မရပါဘူး။ဒါပေမယ့် စာလုံးရေ ၅၀ or ၁၀၀ လောက်ထိတော့ ရမယ်ထင်တယ်။ ကျွန်တော်လည်း အသေအချာမစမ်းရသေးလို့ပါ။ စမ်းကြည့်ကြည့်ပါ။ လုပ်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်။ ပို့လိုက်တဲ့ ဖုန်းကနေပြီး reply ပြန်ပို့ရင် ကိုယ့် ဂျီတော့ ထဲ ပြန်ရောက်တယ်တဲ့။
ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

သေးစိတ်ကိုတော့ http://talk.etmsms.com/gsm_gtalk.html ဒီမှာဆက်ဖတ်ပါဗျာType your summary here. [more] Type the rest of your post her

gmail အကောင့် free ဖွင့်ကြဦးစို့



မရဘူးလို့ပြောလို့ နောက်တစ်နည်းတင်ပေးလိုက်ပါတယ်ဗျာ။

 ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့ ပုံတွေကိုက သက်သေခံနေပါလိမ့်မယ်
ဒါပေမယ့် .. ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..
သဘောတရားအရ သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..


ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့
ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .



ဒီနေရာမှာ email address ကို ကြိုက်တာထည့်ပေးလို့ရပါတယ် .. ကျွန်တော်လုပ်ပြတဲ့ထဲမှာ masteraeiou@gmail.com လို့ ထည့်ပြထားပါတယ် .. (အမှန်အကန် gmail အကောင့်နဲ့ သုံးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ gmail address ထည့်ပေးလို့ရပါတယ် .. ဖုန်း အလကားပြောလို့ ရတာပေါ့)နောက်ပြီး gmail အကောင့်တစ်ခုတည်းနဲ့လည်း နံပါတ်တွေကြိုက်သလောက် ယူလို့ရတာကို တွေ့ရပါတယ် ..

security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)

ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း  Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..

ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..

သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်


အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..


 .. အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..


 ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..

လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်

Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ ..



(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..

အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ  5 မိနစ်လောက်   စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..


အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..


ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..


အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ

credit : itmotesoeway.blogspot.com

Saturday, August 9, 2014

Websit, Blog များကို APK လုပ်နည်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)

  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ်Facebook Page၊ Facebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့်http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊Rss Feed ကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Linkကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changesကိုနှိပ်လိုက်ပါ။
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  • တစ်ခု သတိပြုစေချင်တာက ဒီလင့်ကနေ Android apk ဖန်တီးလိုက်တဲ့အခါမှာ မိမိရဲ့ Gmail ထဲသို့ Auto သို့မဟုတ် Default apk ဖိုင်တစ်ခုကို အရင်ဆုံးပို့လေ့ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မေးလ်ထဲမှာ AppYet (2) or (3) လို့ ဖြစ်မှာသာ မိမိဖန်တီးလိုက်သော application ရဲ့ Setting များအတိုင်းရရှိမှာ ဖြစ်ပါတယ်။
  • ပြည်ပမှာရှိနေတဲ့ Android Application ဖန်တီးချင်သူများကတော့ Google Play မှာ တိုက်ရိုက် မိမိဖန်တီးလိုက်သော Application များကို Market မှာ Publish လုပ်နိုင်ပါတယ်။
  • Facebook Page, Group နဲ့ Personal Facebook Profile များဖန်တီးရန် FB-RSS Feed ထုတ်ယူပုံကိုတော့ ဒီပို့စ်မှာ ဆက်ပြီး မရေးတော့ပါဘူး။ လိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်။ :-) :-):-) အားလုံး အဆင်ပြေပါစေ…
  • PDF ဖိုင်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ အခု နမူနာပြရင်းနဲ့ ထုတ်လိုက်တဲ့ Apk Download Link ပါ။ ပုံတွေကတော့ ဒီ app ရဲ့ Android Screenshot တွေ

Saturday, July 26, 2014

iPhone ကို Lock ဖုန်းလား/Unlock ဖုန်းလားအလွယ်စစ်ကြည့်မယ်


မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ Lock ဖုန်းတွေဆိုရင် မြန်မာပြည်မှာသုံးလို့မရပါဘူး ။ သုံးလို့ရအောင်လုပ်မယ်ဆိုရင်လည်း Unlock လုပ်ရဘာလုပ်ရနဲ့ အလုပ်တော်တော်ရှုပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်မယ့်ဖုန်းက Lock/unlock စစ်ချင်တဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။




IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=
အောက်ပါအတိုင်းပေါ်လာပါမယ်။




Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကိုရိုက်ထည့်ပေးလိုက်ပါ ။ ပြီးရင် Enter ခေါက်ပါ။



ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။ ပေါ်လာတဲ့အထဲကအောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။


ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Google Play Store မှ download နည်း

ဒါလေးကတော့ လူတော်တော်များများ သိပြီးသားဖြစ်မှာပါ။ မသိသေးသူများ အတွက်တော့ တော်တော်ကို အသုံးဝင်စေမှာဖြစ်ပါတယ်။ Google Play Store က App တွေကို Computer ကနေ  Download လုပ်ချင်သူများ လုပ်လို့ရအောင်တင်ပေးလိုက်ပါတယ်။ 

အရင်ဆုံး https://play.google.com/store  ကိုဝင်ပါ။
ပြီးရင် မိမိ လိုချင်သော App ကိုရှာပါ။

{Example : Camera360 Ultimate ကိုရှာပါ။
                သူ့ရဲ့ URL ကို Copy ကူးပါ။
                သူ့ရဲ့ URL ကတော့ 
https://play.google.com/store/apps/details?id=vStudio.Android.Camera360 ဖြစ်ပါတယ်။

Copy ကူးပြီးရင်တော့အောက်က URL မှာ ၀င်လိုက်ပါ။

http://apps.evozi.com/apk-downloader/ 

ပြီးလျှင် Package name or Google Play URL အောက်က အကွက်ထဲမှာ ခုဏက Copy ယူလာသော URL ကို Paste လုပ်လိုက်ပါ။
ပြီးလျှင် Ganerate Download Link ကိုနှိပ်ပါ။
ခဏစောင့်ပြီးလို့ Click here to download vStudio.Android.Camera360 now ကိုနှိပ်ပါ။
vStudio.Android.Camera360 လိုပေါ်နေတာက ကျွန်တော် အခုဆွဲလိုက်တာ Camera360 Ultimate မလို့ပါ။ တစ်ခြား App တစ်ခုသာဆို အဲဒီ နေရာမှာ တစ်ခြား Name တစ်ခုပြောင်းလဲသွားပါလိမ့်မယ်။ }

အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

တစ်ခါတည်း Android Phone တွေအတွက် Google Play Store Apk ကိုပါတင်ပေးလိုက်ပါတယ်။
နောက်လည်း လိုတဲ့သူတွေအဆင်ပြေတာပေါ့။ အောက်မှာဒေါင်းသွားလိုက်ပါ။

Google Play Store 4.5.10 Download